Thank you for your interest in our books. Due to the coronavirus (COVID-19) pandemic, we only have ebooks available for download at this time, as we have had to suspend mailing books. If you download the eBooks but would still like to receive printed books when we can mail again, or if you would like to wait to order until printed books become available, please check back at our website in a few months.
ဤအခမဲ့ စာအုပ်များသည် ရိုးရှင်းသည်၊ နက်ရှိုင်းသည်၊ လက်တွေ့ကျသည်၊ အသက်တာ ပြောင်းလဲစေသည်။ ကျွန်ုပ်တို့၏ အခမဲ့ ခရစ်ယာန် စာပေ စာအုပ်အတွဲများရှိ စာအုပ်များအားလုံးကို eBooks အဖြစ် ဖတ်ရှုရန် ရရှိနိုင်ပါသည်။
eBooks အဖြစ် ရရှိနိုင်သည်
ကျွန်ုပ်တို့၏ စာအုပ်များ
ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၁)
သင်၏ အခြေခံ မည်မျှ ခိုင်မာမှု ရှိပါသနည်း
ဤစာအုပ်က လူအဖို့ ဘုရားသခင်၏ စီမံတော်မူချက်ကို သင့်အား သိရှိစေပါမည်။ ၎င်းက လူသစ်နှင့် အတွေ့အကြုံရှိပြီးသား ခရစ်ယာန်များအတွက်ပါ မရှိမဖြစ်လိုအပ်သည့် အဓိက အတွေ့အကြုံ လေးခုကို ဖွင့်ပြပေးထားပြီး၊ သင့်အား ကြွယ်ဝသော၊ အဓိပ္ပာယ်ရှိသော ခရစ်ယာန်အသက်တာကို အခိုင်အမာ ရရှိစေရန် ကူညီပေးပါသည်။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၂)
ဘုရားသခင်နှင့် ကျွန်ုပ်အကြား ဆက်နွှယ်မှုကို မည်သို့ နက်ရှိုင်းမှု ရှိစေနိုင်မည်နည်း
နံနက်တိုင်း သခင်ဘုရားနှင့်အတူ တစ်ဦးတည်း အချိန်ယူခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ဆက်နွှယ်မှုကို ချိုမြိန်ခြင်း၊ ရင်းနှီးမှုရှိခြင်း ဖြစ်စေသည်။ ဤအချိန်သည် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာ၌ တိုးတက်မှုနှင့် တန်ခိုးရှိခြင်းနည်းလမ်းဖြင့် တိုးတက်ခြင်းကို ဖြစ်စေမည်ဖြစ်သည်။ ဤစာအုပ်ကို ဖတ်ခြင်းအားဖြင့် သခင်ဘုရားနှင့်အတူ ဤသို့ အချိန်ယူခြင်းမှာ မည်မျှပင် ရိုးရှင်းလှကြောင်း ရှာဖွေစူးစမ်းကြည့်ပါ။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
အရာအားလုံး ပါဝင်သော ခရစ်တော်
ခရစ်တော်ကို အကန့်အသတ်မဲ့ တွေ့ကြုံခံစားရန် ရှာဖွေနေပါသလား။
ကျွန်ုပ်တို့သည် ဤ"အရာအားလုံးပါဝင်သော ခရစ်တော်"ကို တွေ့ကြုံခံစားခြင်းအထဲသို့ မဝင်ရောက်သွားမီ ခရစ်တော်သည် မည်မျှ အကန့်အသတ်မဲ့ကြောင်း မြင်ရမည်ဖြစ်သည်။ ဤစာအုပ်က သင့်အား မြင်ရန်နှင့် ဝင်ရောက်သွားရန်အတွက် ကူညီပေးပါလိမ့်မည်။ ဤတရားဟောရာကျမ်းကို ဖွင့်ဆိုဖော်ပြခြင်း၌ အံ့သြဖွယ်ရာ ကောင်းသောမြေ ခါနန်ပြည်၏ ရုပ်ပုံကားချပ်သည် ယုံကြည်သူများအဖို့ ခရစ်တော်၏ ဖြစ်ခြင်း ရုပ်ပုံကားချပ်ပင် ဖြစ်သည်။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
ဘုရားသခင်၏ ထာဝရ အကြံအစည်တော်သည် ကျွန်ုပ်နှင့် အဘယ့်ကြောင့် သက်ဆိုင်ရပါမည်နည်း။
သမ္မာကျမ်းစာ တစ်အုပ်လုံးက ဘုရားသခင်၏ ထာဝရအကြံအစည်တော်နှင့် ကိုယ်တော်က မည်သို့ ပြီးပြည့်စုံစေကြောင််းကို ဖော်ပြထားသည်။ အံ့အားသင့်ဖွယ်အချက်မှာ ဘုရားသခင်သည် ဤအကြံအစည်တော်ကို မိမိကိုယ်တော်တိုင်အားဖြင့် ပြီးပြည့်စုံစေခြင်း မပြုလိုပေ။ ခရစ်တော်၌ ယုံကြည်သူများအဖြစ် ကျွန်ုပ်တို့သည် ဘုရားသခင့်အကြံအစည်တော်၏ အစိတ်အပိုင်း အားလုံး ဖြစ်ကြသည်။ သို့ဖြစ်၍ ဤအကြံအစည်တော်၌ သင်မည်သို့ ပါဝင်မည်နည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အကြံအစည်တော်၌ အဘယ့်ကြောင့် သော့ချက်ဖြစ်ရသည်ကို မြင်ရန် ဤစာအုပ်ကို ဖတ်ပါ။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၃)
အမှန်နှင့် အမှား အားဖြင့် အသက်ရှင်ခြင်းထက် နောက်ထပ်နည်းလမ်း ရှိပါသလား
လူမှုအသိုင်းအဝိုင်းက ကျွန်ုပ်တို့အား မိမိကိုယ်ကို အမှန်နှင့် အမှား၏ အလေ့အလာဖြင့် ပြုမူတတ်ရန် သွန်သင်ပေးသည်၊ သို့သော် သမ္မာကျမ်းစာက မည်သို့ သွန်သင်ပေးပါသနည်း။ သမ္မာကျမ်းစာက ပိုမိုမြင့်မားသည့် အလေ့အလာဖြင့် ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြောင်း ပြသထားသည် - ယင်းမှာ အသက်၏ အလေ့အလာဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ဘုရားသခင်၏ ထာ၀ရအကြံအစည်တော်ကို ပြီးမြောက်ပြည့်စုံရန် ဤအလေ့အလာဖြင့် အသက်ရှင်စေရန် အလိုရှိသည်။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
ကျွန်ုပ်၏ ခရစ်ယာန် အသက်တာ၌ မည်သို့ ကြီးထွားမှု ရရှိနိုင်မည်နည်း
အသက်၌ ကြီးထွားရန်အလို့ငှာ အသက်သည် မည်သည့်အရာဖြစ်ကြောင်း၊ မည်သည့်နေရာမှလာကြောင်း၊ ဤအသက်ကို မည်သို့ ရယူနိုင်ကြောင်း ကျွန်ုပ်တို့ သိရမည်ဖြစ်သည်။ ဤအဖြေများသည် အပြုအမူ တိုးတက်ကောင်းမွန်စေခြင်း၊ အသိပညာ တိုးပွားလာစေခြင်း၊ ဆုကျေးဇူးများ သို့မဟုတ် တန်ခိုး ရရှိခြင်းတို့ အပေါ် မမူတည်ပါ။ အသက်၌ ကြီးထွားရန်အတွက် နားလည်မှုနှင့် ဦးဆောင်မှုကို ခံယူ ရရှိပါ။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
ဘုန်းတော်နှင့် ပြည့်စုံသော အသင်းတော်
ဘုရားသခင်က အသင်းတော်ကို ကျွန်ုပ်တို့နှင့် ခြားနားစွာ မြင်ပါသလော။
ကျွန်ုပ်တို့က "အသင်းတော်" ဟူသော စကားလုံးကို ကြားရသောအခါ ကျွန်ုပ်တို့၏ စဉ်းစားမှုသည် လူသား ခံယူချက်များဖြင့် ပြည့်နေကြောင်း ကျွန်ုပ်တို့ သတိမပြုမိဘဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤစာအုပ်က ဘုရားသခင်သည် အသင်းတော်ကို မည်သို့မြင်ကြောင်း သင့်အား ပြသခြင်းအားဖြင့် သင်၏စဉ်းစားခြင်းများကို အသစ်ပြုပြင်ပေးလိမ့်မည်ဖြစ်သည်။ သမ္မာကျမ်းစာက အသင်းတော်နှင့် စပ်လျဉ်း၍ ဘုရားသခင်မြင်သည့် အမြင်ကို ပြသထားသော ထူးခြားပေါ်လွင်သည့် သရုပ်ဖော်ပြချက် လေးခုကို ပြသထားသည်။ သင်၏ နားလည်သိကျွမ်းမှုကို ကန့်သတ်မထားပါနှင့်။ အသင်းတော်ကို ဘုန်းထင်ရှားသည့်နည်းလမ်း၌ မြင်ရန် သင့်အား ကျွန်ုပ်တို့ ဖိတ်ခေါ်အပ်ပါသည်။
နောက်အဖုံး
ပါဝင်သောအရာပြ ဇယား
ခရစ်ယာန်အသက်တာသည် ပုံဆောင်ချက်နှင့် အဓိပ္ပာယ် ပြည့်ဝနေသော်လည်း၊ များစွာသော လူတို့က ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည့် သမ္မာကျမ်းစာတွင် တင်ဆက်ထားသည့် အတိုင်း ဤအသက်တာ၏ အခြေခံကျသော ဒြပ်သဘာဝများကို နားလည်ခြင်း မရှိကြပေ။ Watchman Nee and Witness Lee တို့၏ ခရစ်ယာန်အသက်တာ၏ အခြေခံ ဖွင့်ပြခြင်းများ စာအုပ်တွင် ခရစ်ယာန်အသက်တာကို မိတ်ဆက်ဖော်ပြ ပေးထားသည်။ ဘုရားသခင်၏ကယ်တင်ခြင်း ရည်ရွယ်ချက်သည် ပထမအခန်း ဖြစ်သည့် လူ့အသက်တာ၏ နက်နဲခြင်းတွင် ဖော်ပြထားသည်။ နောက်ပိုင်းအခန်း များသည် ခရစ်ယာန်တစ်ဦးအတွက် အခြေခံကျသော အတွေ့အကြုံများကို အသေးစိတ် ဖော်ပြထားသည်။ နောက်ဆုံးအခန်းတွင် ယုံကြည်သူတစ်ဦး၏ ခရစ်ယာန် အသက်တာအဖို့ အဆုံးစွန်သော သော့ချက်ဖြစ်သည့် လူသားဝိညာဉ်၌ရှိသော ခရစ်တော်ကို တွေ့ကြုံခံစားခြင်းအား တင်ဆက်ထားသည်။ ဘုရားကို ရှာဖွေသောသူများနှင့် ခရစ်တော်၌ ကြီးထွားလိုသူ ယုံကြည်သူများအဖို့ ဤဝေငှချက်များသည် ကြွယ်ဝသော အဓိပ္ပာယ်ရှိသော ခရစ်ယာန်အသက်တာအတွက် ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက် ပေးမည်ဖြစ်ပါသည်။
လူ့အသက်တာ၏နက်နဲခြင်း ကယ်တင်ခြင်း၏ စိတ်ချမှု၊ လုံခြုံမှုနှင့် ဝမ်းမြောက်မှု ခရစ်တော်၏ အဖိုးထိုက်သောအသွေးတော် သခင်ဘုရား၏နာမတော် ခေါ်ခြင်း ခရစ်တော်ကို တွေ့ကြုံခံစားရန် သော့ချက် - လူသားဝိညာဉ်
ခရစ်ယာန်အသက်တာ၏ အလယ်ဗဟိုကျသည့် အချက်မှာ ခရစ်တော်ကိုယ်တော်တိုင်ကို သိကျွမ်းရန်ဖြစ်သည်။ ဤအတွက် ကျွန်ုပ်တို့သည် ကိုယ်တော်ကို နေ့စဉ် အသက်ရှင်သော နည်းလမ်း၌ ဆက်သွယ်ကာ တွေ့ကြုံရမည်ဖြစ်သည်။ ဤအတွေ့အကြုံ၌ အခြေခံ ဒြပ်သဘာဝ အချို့ ပါဝင်ပြီး၊ ၀ိညာဉ်ဆိုင်ရာအစာ၊ ပုံမှန် ၀ိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု၊ လေးနက်သော ၀ိညာဉ်ရေးရာ ကြီးထွားမှုတို့ ပါဝင်သည်။ Watchman Nee and Witness Lee တို့၏ ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘာဝများ (အတွဲ ၂) ၌ ခရစ်ယာန်အသက်တာ၏ ကြီးထွားခြင်းအတွက် အခြေခံကျသော ဒြပ်သဘာဝသုံးခုကို တင်ဆက်ထားသည်၊ ယင်းတို့မှာ သခင်ဘုရားနှင့် အချိန်ယူခြင်း၊ ရိုးရှင်းသောနည်းလမ်း၌ ကိုယ်တော်ကို ဆက်သွယ်ခြင်းနှင့် ကိုယ်တော်၌ လေးနက်စွာ ကြီးထွားခြင်းတို့ဖြစ်သည်။ ဤ ဝေငှချက်များသည် ရှာဖွေသော ခရစ်ယာန်များအား ဘုရားနှုတ်ကပတ်တော်၏ ကြွယ်ဝသော ကျွေးမွေးမှု၊ ခရစ်တော်နှင့်အတူ တစ်ချိန်ပြီးတစ်ချိန် ဆက်သွယ်မှု၊ ဘုရား၏ လျှို့ဝှက် နက်နဲသော အတွေ့အကြုံအထဲသို့ ခေါ်သွင်းပေးမည်ဖြစ်သည်။
သခင်ဘုရားနှင့် အချိန်ယူခြင်း သခင်ဘုရားကို ထိတွေ့ရန် ရိုးစင်းလွယ်ကူသော နည်းလမ်း နက်နဲရာသို့ နက်နဲစွာ ခေါ်ခြင်း
ခရစ်ယာန်အသက်တာအဖို့ အခြေခံဖြစ်သော ခရစ်တော်ကို တွေ့ကြုံခံစားခြင်း များစွာ ရှိနေပါ သေးသည်။ ယုံကြည်သူများဖြစ်သော ကျွန်ုပ်တို့သည် အသက်၏ ပို၍မြင့်သော အလေ့အလာအတိုင်း အသက်ရှင်ရပေမည်၊ အမှန်နှင့် အမှား၏အလေ့အလာနှင့်မျှသာ အသက်မရှင်သင့်ပါ။ ဘုရား၏အသက်သည် ကျွန်ုပ်တို့၌ ပြုပြင်လုပ်ဆောင်သောအခါ ဤအသက်၏ထွန်းလင်းခြင်းသည် မှန်ကန်သော အသက်တာသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်ပေးကာ အခြားယုံကြည်သူများနှင့်အတူ ဘုရား၏စုပေါင်း ထင်ရှားခြင်းဖြစ်သည့် အသင်းတော်အဖြစ် တည်ဆောက်ပေးသည်။ Watchman Nee and Witness Lee တို့၏ ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘာဝများ (အတွဲ ၃) ၌ ဤအတွေ့အကြုံများကို အသေးစိတ် ဖော်ပြထားသည်။ ဤဝေငှချက်များသည် ၀ိညာဉ်ဆိုင်ရာအစာကို ယုံကြည်သူများအားလုံးအထဲသို့ သခင်ဘုရား၌ သူတို့၏ ကြီးထွားမှု အတွက်လည်းကောင်း၊ အသင်းတော်တည်ဆောက်ခြင်းနှင့် ကြီးထွားခြင်းအတွက် လည်းကောင်း ဝေငှဖြန့်ဖြူးပေးမည်ဖြစ်သည်။
အသက်ရှင်ခြင်း၏ အလေ့အလာနှစ်ခု - အသက်၏အလေ့အလာ သို့မဟုတ် အမှန်နှင့်အမှား၏အလေ့အလာ အသင်းတော်ကို တည်ဆောက်ရန်နည်းလမ်း နှုတ်ကပတ်တော်ကို ဆုတောင်းဖတ်ခြင်း
ဓမ္မဟောင်းတစ်လျှောက် တွေ့ရသည့် ပုံဆောင်ချက်များနှင့် သရုပ်ဖော်ပြချက်များသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်၏ အံ့သြဖွယ် မြင်ကွင်း တင်ဆက်ထားသည်။ မထင်ရှားသော်လည်း အရေးအကြီးဆုံးသော ပုံဆောင်ချက်များမှ တစ်ခုမှာ ကောင်းသောမြေ ဖြစ်သည်။ အရာအားလုံး ပါဝင်သော ခရစ်တော် တွင် ဝစ်နက်စ်လီသည် တရားဟောရာကျမ်းရှိ ဝေစုများကို ဖွင့်ချပေးခဲ့ပြီး၊ အစ္စရေးလူမျိုးများ အမွေခံရသည့်မြေသည် ခရစ်တော်ကို အပြည့်အဝပုံဆောင်ခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ဓမ္မသစ် အမွေလည်း ဖြစ်ကြောင်းကို ဖွင့်ပြထားသည်။ သူက စစ်၍ မကုန်နိုင်သော ကြွယ်ဝခြင်းများ မှ အချို့၏ အသေးစိတ်အချက်ကို တင်ဆက်ပေးခဲ့သည်။ ပုံဆောင်ချက် တစ်ခုစီကို ယုံကြည်များ ဖြစ်သော ကျွန်ုပ်တို့၏ အတွေ့အကြုံအဖြစ် ရှင်းပြပေးထားသည်။ အစမှ အဆုံးတိုင်အောင် အရာအားလုံး ပါဝင်သော ခရစ်တော် သည် ဘုရားသခင်ကို ရှာဖွေသော သူများအား ဘုရားသခင်၏ ထာဝရ အကြံအစည်တော် ပြည့်စုံခြင်း အတွက် ကောင်းသောမြေဖြစ်သည့် ခရစ်တော်ကို တွေ့ကြုံခံစားကာ မွေ့လျော်ဝမ်းမြောက်ရန် တိုက်တွန်းထားပါသည်။
အရာအားလုံးပါဝင်သော ခရစ်တော် - နိဒါန်းပျိုးခြင်း
မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏ကျယ်ပြန့်ခြင်း မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏ဘုန်းတန်ခိုးအာနုဘော် မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏ စစ်၍မကုန်နိုင်သော ကြွယ်ဝခြင်းများ ၁။ ရေ မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏စစ်၍မကုန်နိုင်သော ကြွယ်ဝခြင်းများ ၂။ အစာ မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏စစ်၍မကုန်နိုင်သော ကြွယ်ဝခြင်းများ ၂။ အစာ (အဆက်) မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏စစ်၍မကုန်နိုင်သော ကြွယ်ဝခြင်းများ ၃။ တွင်းထွက်ပစ္စည်းများ မြေ၏ကောင်းမြတ်ခြင်း - ၎င်း၏စစ်၍မကုန်နိုင်သော ကြွယ်ဝခြင်းများ ၃။ တွင်းထွက်ပစ္စည်းများ (အဆက်) ) မြေကို မည်သို့ပိုင်ဆိုင်မည်နည်း - ၁။ သိုးသငယ်၊ မန္နမုန့်၊ ပဋိညာဉ်သေတ္တာနှင့် တဲတော်အားဖြင့် မြေကို မည်သို့ပိုင်ဆိုင်မည်နည်း - ၂။ ပူဇော်သက္ကာများနှင့် ယဇ်ပုရောဟိတ်အရာအားဖြင့် မြေကို မည်သို့ပိုင်ဆိုင်မည်နည်း - ၃။ အုပ်စိုးခြင်း အလေ့အလာများအားဖြင့် မြေကို မည်သို့ပိုင်ဆိုင်မည်နည်း - ၄။ စစ်တပ်ကို ဖွဲ့စည်းခြင်းအားဖြင့် မြေကို မည်သို့ပိုင်ဆိုင်မည်နည်း - ၅။ ဆန့်ကျင်ဘက်အကြောင်းအရာများ ကောင်းသောမြေအထဲသို့ ဝင်စားခြင်း ကောင်းသောမြေ၌ရှိသော အသက်တာ မြေ၏ထွက်ပေါ်လာသော ရလဒ် - ဗိမာန်တော်နှင့် မြို့တော်
၁၉၂၇ တွင် Watchman Nee က ခရစ်ယာန်တစ်ဦး၏ ကြီးထွားမှုနှင့် တိုးတက််မှုအတွက် ဂန္တဝင်မြောက်လက်ရာဖြစ်သည့် ၀ိညာဉ်ဆိုင်ရာ လူ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် Nee က ယုံကြည်သူများ၏ ၀ိညာဉ်ရေးရာ ကြီးထွားမှုအတွက် အဓိကနှင့် မရှိမဖြစ်သော ဖွင့်ပြခြင်း ဟူသော လူသည် အစိတ်အပိုင်း သုံးခုဖြစ်သည့် ၀ိညာဉ်၊ စိတ်နှင့် ခန္ဓာတို့ဖြင့် ဖွဲ့စည်းထားကြောင်း ရိုးရှင်းသည့် ကျမ်းစာဆိုင်ရာ သမ္မာတရားကို တင်ဆက်ပေးခဲ့သည်။ ဘုရားသခင်၏စီမံကိန်း စာအုပ်တွင် ညီအစ်ကိုနီး၏ အနီးကပ်ဆုံးနှင့် အားအထားရဆုံး လုပ်ဖော်ဆောင်ဘက် Witness Lee က ဤအခြေခံအပေါ် တည်ဆောက်ထားပြီး၊ ဘုရားသခင်သည် မိမိကိုယ်တော်တိုင်ကို လူအထဲသို့ ထည့်သွင်းဝေငှကာ အသင်းတော်၌ ကိုယ်တော်၏ပြည့်ဝထင်ရှားခြင်း ဖြစ်လာစေ ရန် အလိုရှိကြောင်း ကျမ်းစာ၏ အလယ်ဗဟိုကျသော ဖွင့်ပြခြင်းကို ပြသပေးခဲ့သည်။ ဘုရားသခင်၏စီမံကိန်း စာအုပ်တွင် Witness Lee က ဘုရားဆိုင်ရာ သုံးပါးတစ်ပါး၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ ဖွင့်ပြထားပြီး၊ ကိုယ်တော်၏ ထာဝရအကြံအစည်တော် ပြည့်စုံစေရန်နှင့် ကိုယ်တော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် လက်တွေ့ကျသည့် နည်းလမ်းများကို ယုံကြည်သူများအား ဖွင့်ပြပေးသည်။
သုံးပါးတစ်ပါးဘုရား၏ စီမံကိန်း အရာခပ်သိမ်းလုံလောက်ပြည့်စုံသောဝိညာဉ်တော် ဘုရား၏ဝိညာဉ်တော် ကိန်းဝပ်နေထိုင်သောနေရာ ကိန်းဝပ်နေသောဝိညာဉ်တော်ထံသို့ရောက်ရန် သော့ချက် ဘုရားသခင်၏ပုဂ္ဂိုလ်တော်များနှင့် လူ၏အပိုင်းများ အတွင်းပိုင်းနှင့်ဝှက်ထားသော အစိတ်အပိုင်းများ အတွင်းပိုင်းနှင့် ဝှက်ထားသောအပိုင်းများ၏လုပ်ဆောင်ချက် စိတ်နှလုံးနှင့် ဝိညာဉ်ကို ဆက်ဆံဖြေရှင်းခြင်း စိတ်ကို ကိုင်တွယ်ဆက်ဆံခြင်း ကျွန်ုပ်တို့၏အတွင်း အစိတ်အပိုင်းများနှင့် ဖုံးကွယ်ခြင်းခံရသော အစိတ်အပိုင်းများကို တူးဖေါ်ဖယ်ရှားခြင်း စိတ်မှဝိညာဉ်ကို ပိုင်းခြားသိမြင်ခြင်း လူနှင့် အပင်နှစ်ပင် ကားတိုင်နှင့် စိတ်အသက် ကားတိုင်၏ အလေ့အလာ ရှင်ပြန်ထမြောက်ခြင်း၏အလေ့အလာ ရှင်ပြန်ထမြောက်ခြင်း၏ကြွယ်ဝခြင်း အသက်၏မိတ်သဟာယဖွဲ့ခြင်းနှင့် အသက်၏အာရုံခံစားမှု ဝိညာဉ်အထဲသို့ ဝင်ရောက်ရန် လေ့ကျင့်ခြင်းနှင့် ဝင်ပေါက် ကျွန်ုပ်တို့၏ဝိညာဉ်၌ ဝှက်ထားသောခရစ်တော် သုံးပိုင်းရှိသောလူနှင့် အသင်းတော် ဘုရားသခင်ကိန်းဝပ်ရာ အဆောက်အအုံ ဘုရားသခင်၏အဆောက်အအုံကို ဖုံးအုပ်ခြင်း အသင်းတော် - ဘုရားသခင်သည် အသွေးအသား၌ ထင်ရှားခဲ့သည် ဘုရားသခင့်စီမံကိန်းအမှတ်လက္ခဏာ၏ရူပါရုံ
ဘုရားသခင်၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်မှာ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်ရှိပြီး၊ ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေမည့်၊ ကိုယ်တော်ကိုယ်တိုင်၏ထာဝရနားခိုခြင်း ရှိရန်၊ ကိုယ်တော်၏ရန်သူကို ဆက်ဆံဖြေရှင်းမည့် ကိုယ်တော်၏အခွင့်အာဏာကို ပိုင်ဆိုင်မည့် စုပေါင်းထားသော လူရရှိရန်ဖြစ်သည်။ သို့သော် အနည်းငယ်သောသူတို့သာလျှင် ဘုရားသခင်၏ ဤကြီးမားသောအလိုဆန္ဒနှင့် ရည်ရွယ်ချက်သည် ကိုယ်တော်တိုင်၏ အသက်တော်အားဖြင့်သာရရှိနိုင်ကြောင်းကိုသိကြသည်။ ပို၍ အနည်းငယ်သောသူတို့သာ ကျွန်ုပ်တို့ထံ ခရစ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ရရှိစေသည့် ဘုရားဆိုင်ရာအသက်ကို တွေ့ကြုံခံစားခြင်းနှင့် သိကျွမ်းခြင်းအကြောင်းအား ထိတွေ့ကြသည်။ သူတို့သည် များစွာသော ရှာဖွေ ဆာငတ်သူများ ဖြစ်ကြသော်လည်း အနည်းငယ်သောသူတို့သာလျှင် အသက်၏ နည်းလမ်းကို ရှာတွေ့ကြသည်။ များစွာသောလူတို့သည် အသက်အတွက် လုံ့လဝီရိယ၊ အသိပညာ၊ တန်ခိုး၊ ဆုကျေးဇူးစသည်တို့ကို လွဲမှားစွာပင် အသုံးပြုကြသည်။ အသက်ကို သိကျွမ်းခြင်း စာအုပ်တွင် ဝစ်နက်စ်လီက ကျွန်ုပ်တို့ ဘုရားအသက်ကို အစပြုရရှိခြင်းဖြစ်သည့် အသစ်တဖန် မွေးဖွားခြင်းဖြင့် အစပြုကာ အသက်၏ အတွင်းပိုင်း အာရုံခံစားမှု အတိုင်း သိကျွမ်းခြင်းနှင့် အသက်ရှင်ခြင်းတိုးတက်မှုဖြစ်သည့် အသက်သို့ ဦးဆောင်သည့် လမ်းကြောင်းကို မီးမောင်းထိုးပြထားသည်။ အသက်ကို သိကျွမ်းခြင်း စာအုပ်သည် ခရစ်တော်ကို စစ်မှန်စွာ တွေ့ကြုံခံစားခြင်း၏ အကောင်းမြတ်ဆုံးသော အခြေခံအုတ်မြစ်ကို ချပေးကာ ဝစ်နက်စ်လီ၏ အသက်ကိုတွေ့ကြုံခံစားခြင်း စာအုပ်အား မိတ်ဆက်ဖော်ပြထားပါသည်။
အသက်ဟူသည်မှာ အဘယ်နည်း အသက်ကို တွေ့ကြုံခံစားခြင်းမှာ အဘယ်နည်း ရှေ့ဦးစွာ အသက်ကိုတွေ့ကြုံခံစားခြင်း - အသစ်မွေးဖွားခြင်း အသစ်မွေးဖွားခြင်းမှတဆင့် ရရှိလာသည့်အရာ အသက်၏အာရုံခံစားမှု အသက်၏မိတ်သဟာယ ဝိညာဉ်တော်၏အာရုံခံစားမှုနှင့် ဝိညာဉ်တော်ကို သိကျွမ်းခြင်း ဝိညာဉ်နှင့် စိတ်အကြားရှိ ခြားနားမှု အသက်သုံးမျိုးနှင့် တရားလေးခု အသက်၏တရား အတွင်းပိုင်း သိခြင်း အသက်၏ကြီးထွားခြင်းဆိုသည်မှာ အဘယ်နည်း အသက်၏ထွက်ပေါက် အလင်းနှင့် အသက်
ဘုရားသခင်သည် အသင်းတော်တည်းဟူသော ရွေးနုတ်ခံ ယုံကြည်သူများကို ကောင်းကင်ဆိုင်ရာ ရှုထောင့်မှ ကြည့်တော်မူသည်။ သူမကို အပြစ်နှင့် အပြစ်များ၏တန်ခိုးက အနိုင်ယူနေသည်ဟု မမြင်ဘဲ၊ ဘုရားသခင်သည် အသင်းတော်ကို ခရစ်တော်၏ ဘုန်းထင်ရှားသော အဖော်အဖက်အဖြစ် မြင်တော်မူသည်။ ဘုန်းတော်နှင့် ပြည့်စုံသော အသင်းတော် စာအုပ်တွင် Watchman Nee က ကျမ်းစာရှိ အသင်းတော်ကို ကိုယ်စားပြုသော အချက်လေးချက်ကို ဆွေးနွေးတင်ပြထားသည်- ယင်းတို့မှာ ကမ္ဘာဦး၊၂ ရှိ ဧဝ၊ ဧဖက်၊၅ ရှိ ဇနီး၊ ဗျာဒိတ်၊၁၂ ရှိ မိန်းမနှင့် ဗျာဒိတ် ၂၁ နှင့် ၂၂ ရှိ သတို့သမီးတို့ဖြစ်သည်။ ယင်းဥပမာတစ်ခုစီ၌ အသင်းတော်သည် ဘုရားသခင်၏ ထာဝရ အကြံအစည်တော်ကို ပြီးပြည့်စုံစေရန် အမြင့်ဆုံး ခေါ်ခြင်းခံရကြောင်း တင်ဆက်ထားသည်။ လက်ရှိတွင် လက်ရေးမူ မှတ်စုများကို ရှာတွေ့ခဲ့ပြီး၊ ဘုန်းတော်နှင့် ပြည့်စုံသော အသင်းတော် စာစောင်တွင် အသစ်သော ပြန်ဆိုခြင်းကို ထပ်မံ ဖြည့်စွက်ထားကာ၊ ၁၉၃၉ မှ ၁၉၄၂ နှစ်ကုန်အထိ Watchman Nee ၏ ဝေငှချက်များမှ အပြည့်စုံဆုံး မှတ်တမ်းကို ပြုစုနိုင်ခဲ့ပါသည်။
ဘုရားသခင်၏ အကြံအစည်တော်နှင့် ဘုရား၏ နားခိုခြင်း ဧဝ၏ ပုံဆောင်ချက် ခရစ်တော်၏ ကိုယ်ခန္ဓာတော်နှင့် ခရစ်တော်၏ သတို့သမီး "မိန်းမသည် သားယျောက်ျားကို မွေးဖွားခြင်း" သန့်ရှင်းသော မြို့တော် - ယေရုရှလင်မြို့သစ် နောက်ဆက်တွဲ - အောင်မြင်သောသူများနှင့် ဘုရားသခင်၏ ခေါတ်ကာလဆိုင်ရာ လှုပ်ရှားမှု